Stewart Hughes

သဘာပတိ၊ အမှုဆောင်အရာရှိချုပ်(CEO)

ယခင်က Unicity International တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သော Stewart Hughes သည် ဘဏ္ဍာရေးလောကတွင် ၁၅ နှစ်ကြာ အတွေ့အကြုံရှိခဲ့သူဖြစ်ကာ လွတ်လပ်သောဖြန့်ချိရေးအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့သူ ဖြစ်သည်။ ထိုအဖွဲ့အစည်းသည် နောက်ဆုံးပေါ် ခေတ်မီ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု ထုတ်ကုန်များကို ကမ္ဘာအနှံ့သို့ ဖြန့်ချိပေးရန် ဖြစ်ပါသည်။

ကုမ္ပဏီ၏ စီအီးအိုတစ်ဦးဖြစ်လာစေရန် Unicity ၏ အောင်မြင်သော ဖြန့်ချိသူဘဝကို စွန့်လွှတ်ခဲ့သော မစ္စတာ Hughes သည် Unicity နှင့် ဖြန့်ချိသူများထံသို့ ယင်း၏ အလုပ်ကတိကဝတ်ကို ထုတ်ပြန်ခဲ့ပါသည်။ ဝန်ထမ်းများ၊ ဖြန့်ချိသူများနှင့် ကာစတန်မာများအတွက် “ပိုမိုကောင်းမွန်သော ဘဝများဖန်တီးနိုင်ရေး” အတွက် မစ္စတာ Hughes ၏ ဆန္ဒမွန်သည် အရည်အသွေးပြည့်ဝသော ထုတ်ကုန်များထုတ်လုပ်ခြင်း၊ တစ်ကိုယ်ရည်ဖွံ့ဖြိုးမှုအစီအစဉ်များ တိုးတက်စေခြင်းနှင့် စစ်မှန်စွာ တိုးတက်ကောင်းမွန်လာသော ဘဝများကို ဖန်တီးနိုင်ခြင်းတို့ဆီ ဦးတည်နိုင်ခဲ့သည်။

Christopher Kim

Christopher Kim

ဥက္ကဋ္ဌ (နိုင်ငံတကာဈေးကွက်)

မစ္စတာ Kim သည် လက်ရှိတွင် Unicity International ၏ နိုင်ငံတကာဈေးကွက်ဆိုင်ရာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ ဥက္ကဋ္ဌတစ်ဦးအနေဖြင့် မစ္စတာ Kim သည် Unicity အတွက် နိုင်ငံတကာဈေးကွက်များအပေါ် ကြီးကြပ်စီမံရကာ ကုမ္ပဏီ၏ ကြီးထွားတိုးတက်မှုကို အရှိန်မြှင့်တင်ရန် လုပ်ဆောင်ပေးလျက် ရှိပါသည်။

Unicity တွင် တာဝန်မယူခင်ကာလက မစ္စတာ Kim သည် စီမံခန့်ခွဲရေးရာထူးအမျိုးမျိုးဖြင့် နှစ်ပေါင်း ၁၄ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့သည်။ Unicity သို့ ၂၀၀၅ ခုနှစ်တွင် စတင်ရောက်ရှိလာစဉ်က မစ္စတာ Kim သည် ယင်း၏အတွေ့အကြုံများစွာကို ကုမ္ပဏီသို့ ဆောင်ကြဉ်းပေးလာရုံမဟုတ်ဘဲ သူမတူသော ဉာဏ်ရည်ထက်မြက်ပြီး စွမ်းဆောင်ရည်ပြည့်ဝသော ခေါင်းဆောင်တစ်ဦးအဖြစ်လည်း ဆောင်ရွက်နိုင်ခဲ့သည်။ မစ္စတာ Kim သည် မတူညီသောယဉ်ကျေးမှုဓလေ့များမှ လူအမျိုးမျိုးနှင့် လက်တွဲလုပ်ဆောင်နိုင်စွမ်း ရှိသည့် သူမတူသောစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပါသည်။ ထိုစွမ်းရည်ကြောင့် ကုမ္ပဏီအနေဖြင့် တစ်ဦးချင်းအဆင့်သာမက အစုအဖွဲ့အဆင့်ထိပါ အင်အားချဲ့ထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။ Unicity တွင် မစ္စတာ Kim ရှိနေသည့် ဆယ်စုနှစ်တာကာလအတွင်း ကုမ္ပဏီ၏ အကြီးမားဆုံးနှင့် အရှုပ်ထွေးဆုံးသော ဈေးကွက်ကြီးများကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ခဲ့သည်။ မစ္စတာ Kim ၏ စွမ်းဆောင်မှုကြောင့် Unicity International အနေဖြင့် သိသာထင်ရှားသော တိုးတက်မှု၊ ကျယ်ပြန့်မှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။

Dan Hughes

Dan Hughes

Chief Operating Offier (အာရှပစိဖိတ်ဒေသ)

Dan Hughes သည် လုပ်ငန်းလည်ပတ်ဆောင်ရွက်ရေးအဖွဲ့သို့ ၂၀၀၈ ခုနှစ်တွင် ဝင်ရောက်လာခဲ့ပြီး လက်ရှိတွင် အာရှပစိဖိတ်ဒေသ၏ Chief Operating Officer အဖြစ် ဆောင်ရွက်လျက် ရှိပါသည်။ Unicity တွင် မလုပ်ကိုင်မီက မစ္စတာ Hughes သည် Boeing Commercial Aircraft ကုမ္ပဏီတွင် အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

မစ္စတာ Hughes သည် လက်ရှိတွင် Unicity ၏ အာရှပစိဖိတ်ဈေးကွက်အတွက် ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်ရေးတို့အတွက် တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။ ၎င်းသည် အသစ်ဖွင့်လှစ်သည့် ဒေသတွင်းဈေးကွက်သစ်များဆိုင်ရာ ကိစ္စများတွင် ဒေသတွင်းခေါင်းဆောင်များနှင့် ဆက်သွယ် ဆောင်ရွက်ခြင်းအားဖြင့် ပါဝင်လုပ်ကိုင်လျက် ရှိကာ အခြားသော ဈေးကွက် အထောက်အပံ့များကိုလည်း ဆောင်ရွက်ပါသည်။